Join MultiplyOpen a Free ShopSign InHelp
MultiplyLogo
SEARCH

" ပေါ့ပေါ့ဆဆ ပြုလုပ်ကြလျှင် ငါတို့တစ်မျိုးလုံး သူတို့၏ ကျွန်ဘ၀ကို ရောက်ကြချိမ့်မည်။ မိစ္ဆာ လူမျိုးတို့၏ ကျွန်ဖြစ်ရခြင်းထက် မြန်မာ၏ဂုဏ်မညှိုးရန် တိုက်ခိုက်ရင်း လဲ၍သေရသည်က ရာဇ၀င် ပြောင်၍ မြတ်သေး၏ "

Home

အလင်းစေတမန်မှ ကြိုဆိုပါသည်

IP
.
Photo AlbumPhotos
ddd
dThumbnaild
ddd
အန်တီစု နှင့် ကျွန်တော်
1 Photo, 3 comments
ddd
dThumbnaild
ddd
ပုဂံခေတ်ဂူဘုရားစေတီတို့မှ ဂန္တ၀င်ဗိသုကာလက်ရာများ
4 Photos, 3 comments
ddd
dThumbnaild
ddd
အန်တီစု ၆၆ နှစ် မွေးနေ့ အမှတ်တရ
1 Photo
ddd
dThumbnaild
ddd
ပုဂံခေတ် အနုပညာလက်ရာများ
10 Photos, 9 comments
ddd
dThumbnaild
ddd
အလိုင်နီဆည် အမှတ်တရဓါတ်ပုံများ
7 Photos, 14 comments
ddd
dThumbnaild
ddd
အမှတ်တရ လွတ်လပ်ရေးအာဇာနည် ပုံများ
10 Photos, 14 comments

.
alinn's favorite notes:
Jun 9-စကြာဝဠာ တစ်တိုက်လုံး ဗြဟ္မာပြည်အထိ အပြည့်အကျပ်ရှိနေသည့် ဘုရားပစ္စေက ဗုဒ္ဓါ ရဟန္တာအရှင်မြတ်တို့ကို တစ်ပါးလျှင် သင်္ကန်းတစ်စုံကျစီ လှူဒါန်းခြင်းသည် လေးပါဒရှိသော မြတ်စွာဘုရား ဟောကြားတော်မူသည့် ဂါထာတစ်ပုဒ်ကို သင်ကြားပြသ ဖြန့်ဖြူးရသည့် ဓမ္မဒါနကုသိုလ်၏ ၂၅၆ စိတ် စိတ်လျှင် တစ်စိတ်ကိုမျှ မမှီနိုင်ပါ။ ထို့ကြောင့် ဓမ္မဒါနပြုသူများသည် အမြတ်ဆုံး ဒါနရှင်ကြီးများဖြစ်နိုင်ပါသည်။ တရားအလှူသည် အလှူအားလုံးကို အောင်နိုင်၏၊ တရားအရသာသည် အရသာအားလုံးကို အောင်နိုင်၏၊ တရား၌ မွေ့လျော်ခြင်းသည် မွေ့လျော်ခြင်းအားလုံးကို အောင်နိုင်၏၊ တဏှာကုန်ရာ အရဟတ္တဖိုလ်သည် အလုံးစုံသောဆင်းရဲကို အောင်နိုင်၏။ (မဟာသုတကာရီ မဃဒေ၀ လင်္ကာသစ် ဆဌမပိုင်း၂၊ နိမိရာစစရိယခန်းအပိုဒ် ၅၀၇၊ စာမျက်နှာ ၄၀၆နှင့် ဓမ္မပဒတွင်ပါရှိသည့် သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ )
.
alinn's favorite blog entries:
May 8-ဒီမိုကရေးစီ Vs တစ်ပါတီစနစ်
Apr 18-မြန်မာ သက္ကရာဇ်
Apr 14-မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်
Apr 13-ပုဂံခတ်မှ ယနေ့အထိ အသုံးပြုစဲ မြန်မာစာလုံးများ
Apr 2-မဲစာရင်း
Mar 24-ဘုန်းကြီးနှင့် နိုင်ငံရေး
Mar 23-သွေးဆေးကန် (သို့) မြန်မာတို့၏ ဇာတိမာန်ပြတဲ့ကန်
Mar 21-ပန်းဝါ တိုက်ပွဲ
Mar 19-ရခိုင်မဲဆန္ဒရှင်များကို မကြေနပ်၍ တိုင်ကြားခြင်း
Mar 16-မြန်မာရှုံးတယ်
Mar 12-ပွဲကျောင်းသိုင်းပညာ အခြေခံ
Mar 12-မြန်မာ့သမိုင်းအမှား (၃)
Jan 21-ပုဂံခရီးသည်၏ အတွေးများ
Jan 20-မြောက်ပိုင်း လူသတ် မှု
Jan 11-Loss Of Innocence at the ABSDF (North) or အပစ်မဲ့ကျောင်းသားတွေဟာ သူလျိုတွေလား?
Jan 10-ပုဂံခေတ်ဂူဘုရားစေတီတို့မှ ဂန္တ၀င်ဗိသုကာလက်ရာများ
Jan 2-ထောင်အသီးသီးရှိ နိုင်ငံရေး အကျဉ်းသားများ စာရင်း နိုင်ငံရေးအကျဉ်းသားဟောင်းများ ထုတ်ပြန်
Dec 24-ဒယ်အိုးဆရာတော်ဟောကြားသောပဋ္ဌာန်းတရားတော်အား ဘုရားဟောပဋ္ဌာန်းဒေသနာနှင့် တိုက်ဆိုက်စစ်ဆေးလေ့လာကြည့်ခြင်း (၁)
Dec 10-မှားယွင်းနေသည့် မြန်မာ့သမိုင်းများ ၃
Nov 6-ပုဂံ ရာဇ၀င် အကျဉ်း (၁)
Nov 2-မြန်မာစာပေနှင့် မွန်စာပေ
Nov 1-သမိုင်းအမှားများ(၂)
Aug 26-မြန်မာ့သမိုင်း၏ အမှားကို တူးဖော်ကြည့်ခြင်း
Jul 10-ညောင်ရမ်းခေတ် (၁၅၉၇-၁၇၅၁)တွင် ထင်ရှားခဲ့သော မြန်မာစာဆိုရှင်များ
May 2-ဘင်လာဒင်ကို အသေဖမ်းမိသည့် စစ်ဆင်ရေး
Feb 12-မြန်မာ့ပန်ချီ အစ
Dec 8-မြန်မာစာပေ နှစ် ၉၀၀ လွန် ခရီး (ပထမပိုင်း)
Sep 18-ကုန်းဘောင်ခေတ် နန်းတွင်း ၀တ်စုံများ
Jun 23-အင်္ဂလိပ်မြန်မာ ပထမစစ် သုံးသပ်ချက်
May 6-မြန်မာဆိုတာ ......
Mar 25-သာလွန်မင်းလက်ထက် အမိန့် တော်များ
Mar 24-သာလွန်မင်း၏အမိန့်တော်
Mar 7-လူကြီးနဲ့ လူငယ်
Mar 6-မြန်မာဘုရင်များ တိုင်းခန်းလှည့်လည် ထွက်တော်မူသည့်ဓလေ့၊ ထုံးစံ
Jan 21-ဒုတိယ မြန်မာနိုင်ငံတော်
Jan 16-အနော်ရထာမင်း မတိုင်ခင်
Jan 13-ကဗျာဗေဒ ၂
Jan 12-ကဗျာဗေဒ (POETICS)
Dec 2-ပထမ မြန်မာနိုင်ငံတော်
Oct 13-မျိုးရိုးဂုဏ်
Oct 9-The Union of Myanmar
Oct 9-ပြည်ထောင်စု မြန်မာနိုင်ငံတော်
Oct 6-ပလ္လင်
.
Tagbox

အတ္ထုပ္ပတ္တိများ

ညောင်ရမ်းခေတ် (၁၅၉၇-၁၇၅၁) တွင် ထင်ရှားခဲ့သော မြန်မာစာဆိုရှင်များမှာ- (၁) ၀ရာဘိသံဃနာထ ဆရာတော်။ (၂) ရာဇဓာတုကလျာ။ (၃) ရဝေရှင်ထွေး။ (၄) နတ်ရှင်နောင်။ (၅) မင်းဇေယျရန္တမိတ်-တောင်ငူ။ (၆) တောင်ဖီလာ ဆရာတော်။ (၇) ရှင်ကုမာရကဿပ။ (၈) ရှင်ကရ၀ိက။ (၉) ရှင်သံကိုယ်။ (... more
Previous posts:
Mar 24-သခင်ကိုယ်တော်မှိုင်း အမှတ်တရ
Mar 12-နေရှင်နယ်ဦးမြင့်
Nov 30-ဗိုလ်သာကြည်
...
Tagbox

နိုင်ငံရေးမှတ်သားစရာများ

ကိစ္စတစ်ခုကို ဆုံးဖြတ်သည့်အခါ၊ အဲဒီကိစ္စမှာ ပါဝင်ပတ်သက်သူအားလုံးကို တာဝန်ရှိသူ (အာဏာရှိသူ)တွေရဲ့အမြင်မှာ ကျောသား၊ ရင်သားမခွဲခြားပဲ တစ်ပြေးညီ ရှုမြင်ဖို့လိုတယ်။ လောကပါလတရားတွေထွန်းကားတဲ့ နိုင်ငံတစ်ခုမှာ ပြည်သူအားလုံး တန်းတူရည်တူဖြစ်တယ်ဆိုတဲ့ အမြင်နဲ့... more
Previous posts:
Sep 22-မဲရုံးသွားကြစို့
Aug 14-ခေါင်းနဲ့ ပန်း
Apr 6-ရွေးကောက်ပွဲဝင်မည့် ပါတီများ
.
Tagbox

ကဗျာများ

သူတို့အဆုတ်၊ ထားခဲ့မြှုပ်သည့် ဗုံးငုတ် တိုက်မှား၊ မောင်ပျောက်ကျားကို ရွာသား ရွာသူ၊ မေးကြ မြူသည် အူအူ ယမ်းငွေ့၊ ထတုန်းတည်း ။ “အမောင် ပြောက်ကျား၊ ချစ်သူအားကို ဘာများ မှာခဲ့ လိုသနည်း။” “ငယ်က ကြင်မြတ်၊ မိသက်မှတ်ကို ခွင့်လွတ်ခဲ့ကြောင်း ပြောပါလေ။” “... more
Previous posts:
Mar 22-ကျောင်းသားအတ္ထုပ္ပတ္တိ
Aug 7-၂၃
Nov 14-အလင်းရှိတဲ့ဘက် ....
....
   
alinnsaytaman wrote on May 6
ကို အလင်းစေတမာန်ရေ...
ပထမဦးဆုံး လာလည်ကြည့်တာပါ။ တော်တော်လေးပြည့်စုံတဲ့ ဗဟုသုတကို
မြင်သိခံစားသွားရပါတယ်။ မိတ်ဆွေကောင်းတစ်ယောက်ရပြီလို့ ထင်ပါတယ်
အန်တီ့စာလေးတွေ လာဖတ်ပေးသွားလို့လည်း ကျေးဇူးတင်ပါတယ်ကွယ်။
ဟုတ်ကဲ့ပါ အန်တီ ....
dttn1950 wrote on May 6
ကို အလင်းစေတမာန်ရေ...
ပထမဦးဆုံး လာလည်ကြည့်တာပါ။ တော်တော်လေးပြည့်စုံတဲ့ ဗဟုသုတကို
မြင်သိခံစားသွားရပါတယ်။ မိတ်ဆွေကောင်းတစ်ယောက်ရပြီလို့ ထင်ပါတယ်
အန်တီ့စာလေးတွေ လာဖတ်ပေးသွားလို့လည်း ကျေးဇူးတင်ပါတယ်ကွယ်။
yinminkhine wrote on May 2

♥မ..မ♥




 


♥မ..မ♥




kopyaesome wrote on Apr 30
ဗဟုသုတ. တွေ အတွက် . အရမ်းကောင်းတဲ့ ဆိုက်ပဲ ဗျ မြန်မာမူကိုတော်တော် ရှာစုဆောင်းထားတာပဲ နော်. ကြိုက်တယ်ဗျာ. ဒီဆိုက်လေးကို.. ဆက်လက်ထိန်းသိမ်းထားနိုင်ပါစေလို. ဆုတောင်းပေးခဲ့တယ်နော်.....
zmko wrote on Apr 19
ကိုကြီးအလင်းရေ ... http://zmko.multiply.com/ ကျွန်တော့်ရဲ့ ကဗျာတွေပဲ သီးသန့်တင်မယ့်ဆိုဒ်လေးပါ ...
Add as Contact လည်းလုပ်သွားပါ၏။
mizzuri09clysna wrote on Apr 9


သင့်အတွက် ငွေကျပ်သိန်း ၃၀ ရရှိနိုင်မည့် အခွင့်အရေးက လက်တစ်ကမ်းမှာ .....
http://multiplygroups.multiply.com/journal/item/1643/1643
alinnsaytaman wrote on Mar 17
လောကမှာမရှိတာထက် မသိတာခက်
ဤအဆိုစကား အကယ်ပင်မှန်ပါကလား။

ပြဿနာမရှုပ် အငြင်းအခုန်မလုပ်ရင်
အကြောင်းမဟုတ်…..။
ခုတော့ရုတ်ရုတ် ရုတ်ရုတ်နဲ့
မြန်မာပိုင်ကျွန်းတကျွန်းပါပြုတ်သွားချေပြီ။

စိန်မာတင်ကျွန်း မြန်မာအခေါ် ရှင်မဖြူကျွန်း
မြန်ုပြည်ကယွန်းထွက် ဘင်္ဂလာဒေ့ရှ်ကိုပေးဆက်လိုက်ရပြီ။

ရှင်မဖြူကျွန်း အစွန်းအနား
ရေလတ်ကြားတ၀ိုက်မှာ
သိုက်သိုက်မြိုက်မြိုက် ရတနာပုံဆိုက်သည့်နှယ်
ပေါကြွယ်ဝတဲ့သဘာဝဓါတ်ငွေ့
အလှိုင်အပယ် တွေ့ရှိထားကြတယ်။

ခုတော့ထီပေါက်ပြီး ထီလက်မှတ်ပျောက်
ရာဇ၀င်အထောက်ထား
မောက်ကြွားနိုင်တဲ့သက်သေ
ရှေ့နေအဓိပတိ ခိုင်ခိုင်မာမာမရှိ
တော်ယိယောယိ ပြုမိခဲ့တဲ့မသိမှုကြောင့်
ရတနာကျွန်းကြီး ပျောက်သွားရှာပြီ
အပြည်ပြည်ဆိုင်ရာ နိုင်ငံတကာခုံရုံးမှာ
ဘင်္ဂလာဒေရှ့်က အနိုင်ရသွားရှာ်ပြီတဲ့ဗျာ။

အရင်းစစ်တော့ အမြစ်မြေက
အဖြစ်တွေက မျက်ရည်ကျစရာပါဗျ
ဆိုးလှတဲ့အာဏာရှင်တွေ အတင်းအုပ်
မင်းလုပ်လာကတည်းက
ဗိုလ်အလွန်ကျ အာဏာတွေစူးရှ
ရူးကြ မူးကြ အထူးအသုံးမကျတဲ့သူတွေက
ပလ္လင်ပေါ်ထိုင်ကြ ရသမျှသယံဇာတ
ကျောက်မျက်ရတနာကအစ
အိပ်ထောင်ကြီးကြီးထဲထည့်ကြ
အားပါးတရ ခြစားသလိုစားကြနဲ့
အသားအရေတွေချုံးကျ လူလုံးမလှ
အပူလုံးကြွ တိုင်ပြည်တခုလုံး မွဲပြာကျ
ဒါတင်မက သူတို့အားပြန်မချနိုင်အောင်
ထန်လှတဲ့ဥပဒေ တထွေပြီးတထွေထုတ်
အုပ်ချုပ်သူတွေကိုအကာကွယ်ပေးတဲ့
မသာတွေဖင်ဆေးတဲ့ဥပဒေ
ဥပမာပြရရင်လေ
နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ
နိုင်ငံတော်အကြည်ညိုပျက်စေမှုဥပဒေ
လူချစ်ရင်မူပစ်ပြီး လူမုန်းရင်မူသုံးတဲ့ဥပဒေ
အီလက်တရောနစ် အလွဲသုံးမှုဥပဒေ
ရှိသမျှဥပဒေ ပြည်သူတွေအတွက်သာဖြစ်ပေ
သူတို့ဗိုလ်ချုပ်တတွေနဲ့ လုံးဝမဆိုင်ပေ
ဥပဒေကိုဖင်ကြားညှပ် သူတို့တတွေအလွန်တတ်။

အများပြည်သူတွေက
သူတို့အလိုကျ ကရမယ်
မပြောရ မဆိုရ မဖတ်ရ မလုပ်ရ။

ဗိုလ်ချုပ်တွေကိုရိုသေ အသက်ရှည်။
ဗိုလ်ချုပ်တွေကိုရှိခိုး သွားမကျိုး။
ဗိုလ်ချုပ်တွေကိုဆန့်ကျင် ထောင်ထဲဝင်။

ပြည်သူ့မျက်နှာ နှင့် ဗိုလ်ချုပ်မျက်နှာ
လူ့မျက်နှာချင်းတူပေငြား
ဥပဒေမှာခြားနား၊

ပြည်သူလိုက်နာရမည့် ဥပဒေများ
ဗိုလ်ချုပ်တွေအတွက်တော့ ချွင်းချက်ထား
ကွင်းဆက်ပွားတဲ့တိုင်းပြည်အနှစ်
သူတို့လောက် ဘယ်သူမှမခြစ်
သယံဇာတ စစ်စစ်
တိုင်းပြည့်ရဲ့အဆီအနှစ်
အကုန်အစင်ခြစ်ယူတဲ့
တိုင်းပြည်ခြစ်တဲ့ ဗိုလ်ချူပ် အစစ်၊

လမ်းကြိုလမ်းကြား
ထမိန်ခိုးသွားတဲ့ သူခိုးများကို
စံစားထောင်ဒဏ် သုံးနှစ်ခံစေ။

ဘဏ္ဍာခိုးစား ဗိုလ်ချုပ်များမှာ
ထောင်တံခါးပိတ် အသံလည်းတိတ်
အိတ်ကြီးအိတ်ငယ် ကျုံးကြတယ်။

လမ်းဘေးချရောင်း ဈေးသည်အပေါင်းကို
အခွန်အခတွေ တ၀တောင်း
ဗိုလ်အလောင်းတွေကျတော့
လက်ဝါးကြီးအုပ် ဂုတ်သွေးစုပ်
အထုပ်ဟူသမျှအခမဲ့ဗျ
အခွန်တွေလွတ်ကြ။

တမိုးတမြေ တရေထဲသောက်ပေမဲ့
ထွက်ပေါက်ချင်းတော့မတူကြ
လူထုထွက်ပေါက်က ကျဉ်းကျဉ်း
ဗိုလ်ချုပ်တွေထွက်ပေါက်က ဟာလာဟင်းလင်း။

ရပ်ရွာအေးချမ်းရေးနဲ့
တရားဥပဒေစိုးမိုးရေးကို
အရေးမထား မလေးစားဘဲ
ကိုးရိုးကားရားလုပ်တဲ့အပြင်
မြင်သင့်တာမမြင် ပြင်သင့်တာမပြင်
မဆင်ခြင်မစဉ်းစားဘဲ
ဆင်ဖြူတော် ပေါ်လာငြား
တတိုင်ပြည်လုံး အမိန့်ပေးထား
ဆင်ဖြူအမော် ရှာပုံတော်ကျူးနေပါကလား။

အရေးကြီးတဲ့ရှင်မဖြူကျွန်း
တွန်းပြီးမရှာ ရာဇ၀င်ဆရာတွေ
ရှာဖွေမယ့်အစား
ယတြာချေ ဆရာတွေ ရှာဖွေကာသွား
အယွင်းယွင်း အမှားမှား
ရှင်မဖြူကျွန်းမပြုတ်ဘဲ ခံနိုင်ရိုးလား။

တက္ကသိုလ်ဘုန်းကြွယ်
(မတ်လ ၁၆ ၂၀၁၂)
alinnsaytaman wrote on Mar 15
ရေးပဲ ရေးတတ်ကြတယ် မြန်မာက မရှုံးပါဘူးတဲ့။ တရုပ်တောင် သူ့ရေပိုင်နက် မဟုတ်တဲ့ ကျွန်းတွေကို သူ့ကျွန်းပါဆိုပြီး သိမ်းနေတဲ့ ခေတ်မှာ ငါတို့ မြန်မာတွေက ပေးလိုက်ရတာ ၂ ကျွန်းရှိပြီး။ ဘုရားလူကြီးလိုလို တရားသမား လိုလို ငကြောင် ဦးနုက အက်ဒမန်ကျွန်းကို အိန္ဒိယကို ပေးလိုက်လို့ အက်ဒမန်ကျွန်းနားမှာ ငါးသွားဖမ်းတဲ့ ငါတို့မြန်မာတွေကို အိန္ဒိယက အတိုးရောအရင်းပါ ဆပ်တဲ့အနေနဲ့ နှစ်ရှည်ထောင်ချနေတယ်။ အခုလည်း ရခိုင် ကမ်းလွန်က ကျွန်းကို အသုံးမကျတဲ့ အစိုးရကြောင့် ပေးလိုက်ရပြန်ပြီ ရခိုင်တွေ ထပ်ပြီး အဖမ်းခံရဖို့ဖြစ်လာပြီ .... ငါတို့အဘိုးတွေ အသက်သွေးနဲ့ ရင်းပြီး တိုက်ခဲ့တဲ့ နေရာတွေကို အခုတော့ ဟင်းရွက် ကန်စွန်ရွက်လို အလွယ်တကူ ပေးလိုက်ရပါလား .......
mayzuu wrote on Mar 12
mayzuu wrote on Mar 12
nyeinsoeoo wrote on Mar 1
မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ ...
သိတတ်လို့ တတ်သိပြီး သတ္တိတွေတိုးကာ ...
ငြိမ်းချမ်းမှုများ စိုးမိုးလျက် ပညာဖြင့် ဦးဆောင်နိုင်ပါစေ ...
( အရောက်နောက်ကျတာကိုတော့ နားလည်ပေးပါ ... )
snowlike wrote on Mar 1
မင်္ဂလာပါ
မွေးနေ့မှသည် နောင်နှစ်များတိုင် ပျော်ရွှင်ကျန်းမာပါစေ...
alinnsaytaman wrote on Feb 13
မိကို ညာက၊ ဖကို လက်ဝဲ၊ ကိုင်စွဲချီလျက်၊ ပုခုံးထက်ဝယ်၊ အသက်ဆုံးအောင်၊ မြတ်နိုးဆောင်၍၊ အခေါင်အဖျား၊ လုပ်ကျွေးငြားလည်း၊ မွေးဖွားပိုက်ကျူး၊ ရှေးတင်ဖူးသည့်၊ ကျေးဇူးလှယ်ပြိုင်၊ မဆပ်နိုင်ခဲ့။ ( ရှင်မဟာရဋ္ဌသာရ)



မိဘကျေးဇူး၊ ကျွေးအထူးကို၊ ကြည်နူးတုံ့ကာ၊ ဆပ်လိုပါမူ၊ သဒ္ဓါကင်းပ၊ သီလမဖြူ၊ အလှူမပေး၊ ကင်းဝေးသုတ၊ မိနှင့်ဘကို၊ ဖျောင်းဖျချိုသာ၊ စေတနာနှင့်၊ သဒ္ဓါစသား၊ မြတ်တရားနှင့်၊ စုံငြားလေအောင်၊ ကြိုးစားဆောင်က၊ မြားမြောင်ထွေထွေ၊ ကျေးဇူးကျေမည်၊ ဆပ်လေသူတော် လမ်းစဉ်တည်း။ (စံကျောင်းဆရာတော်)




နားဝယ်စိမ့်ငှါ၊ ငါဆရာလျှင်၊ မာတာပိတ၊ ဂုဏ်ကိုပြ၍၊ ပုတ္တတို့အား၊ ဆပ်ငြားပိုင်ကြောင်း၊ ဖော်ပြရှောင်း၍၊ မကောင်းမိဘ၊ ဓမ္မမတည်၊ မကြည်မညို၊ ၀န်တို မိစ္ဆာ၊ ပါဏာတိပါတ်၊ သတ်ခတ်လုယူ၊ မဖြူနှလုံး၊ မသုံးသီလ၊ ဒါနမပွား၊ မသွားကျောင်းကန်၊ ဟုတ်လှမှန်သား၊ မိဘအားကို၊ တရားစောင့်စောင့်၊ တော်ဖြောင့်လှစွာ၊ မိစ္ဆာမဖောက်၊ မသောက်သေစာ၊ ပါဏာသူ့သတ်၊ ခိုးဝှက်ယူမှု၊ ဤငါးခုကို၊ မပြုနှင့်ဗျာ၊ လှူဒါမပြတ်၊ ပိဏ္ဍပါတ်လည်း၊ မလတ်နေ့တိုင်း၊ မရိုင်းကျောင်းကန်၊ အမှန်သွားသွား၊ တရားနာနာ၊ ရတနာသုံးဦး၊ မပြတ်ဖူး၍၊ ကြည်နူးလှစေ၊ ညောင်ရေလည်းသွန်း၊ ဆီမီးထွန်းလျက်၊ ဆွမ်းကွမ်းလက်ဖက်၊ ရေစက်ချချ၊ လှူဒါနနှင့်၊ သီလဥပုသ်၊ ကိုယ်နှုတ်နှလုံး၊ စောင့်သုံးပါဗျာ၊ မိမာတာကို၊ ဤသို့ဆိုတတ်၊ တို့သားမြတ်ကို၊ ဆပ်ဆပ်ကျေးဇူးမိုး၏တည်း။ (အတုလအကျော် ခင်ကြီးဖျော်၊ ပုတ္တောဝါဒ)
yinminkhine wrote on Feb 13
.


Happy Birthday BoChoke!

M









isadnalok wrote on Feb 9
လာသွားပါတယ်
dimplemit wrote on Jan 31
အစ်ကိုရေ မရောက်တာကြာလို့ လာလည်ပါတယ်။ ကျန်းမာပျော်ရွှင်ပါစေနော်။
isadnalok wrote on Jan 30
လာပြန်လည်သွားပါတယ်သယ်ရင်း
.
...........
.
Online Seller

alinn

ကိုယ်ကမကျူး၊ သူကျူးလာသည့်၊ သူ့နိုင်ငံသား၊ သံမှုန်စားလည်း၊ သေမှာမကြောက်၊ ရဲရဲဝံ့ဝံ့၊ ရင်ကိုကော့လျှက်၊ ဓါးငှက်ကြီးတောင်၊ လက်ဝယ်ဆောင်ကာ၊ အသက်စွန့်ပြီ၊ တိုက်ခိုက်တတ်တာ၊ တို့မြန်မာ ........။ (အလင်းစေတမာန်)